Khet Yint Yint

July 18, 2010

then Myanmar!

Filed under: Khet Yint Yint — khetyintyint @ 3:11 am

then Myanmar

အမျိုးသမီးတစ်ဦးက တစ်စုံတစ်ယောက်ကို လှည့်ပြီးပြောလိုက်တယ် ၊ ” ဒါဆိုလည်း မြန်မာပေါ့ ” ။

Darfur , Sri Lanka

” ဒါဖာ ၊ သီရိလကာင်္ တို့လည်း ရှိသေးတယ် ” ။ နောက်ပြီး သူမကပဲ ဆက်ပြောပါတယ် ။

Tragedy

နောက်ခံဇာတ်ကြောင်း ။ ။

2009 ခုနှစ်မှာ ကမ္ဘာပေါ်ကမြို့တွေပေါ် တခြားဂြိုဟ်ကအာကာသယာဉ်တွေ ရောက်လာပါတယ် ။ လူသားတွေကို ရန်သတ္တရုပြုဖို့ မဟုတ်ပါဘူး ၊ ချစ်ကြည်ရေးအတွက်သက်သက်သာ ရောက်လာတာပါ လို့  ဂြိုလ်သားအစုအဖွဲ့ရဲ့ ခေါင်းဆောင် အမျိုးသမီး Anna က အာမဘန္တေခံပေမယ့် အဲဒီစကားရဲ့နောက်ကွယ်မှာ ထုတ်ဖော်မပြောထားတဲ့ အခြားသော ရည်ရွယ်ချက်တွေရှိနေတယ် ။ ရုပ်လက္ခဏာအရ လူအသွင်အပြင်နဲ့ဆိုပေမယ့် တကယ်တော့ သူတို့ရဲ့ ပင်ရင်း Reptilian ဆန်ဆန် ခန္ဓာကို လူ့အရေခွံ့ခြုံထားတာ ။ ထို့နည်းတူ စိတ်ဓာတ်ရေးရာအရမှာ လူသားတို့အပေါ် စေတနာထားဟန်ဆောင်ထားပြီး လူတို့ရဲ့လက်ရှိနည်းပညာအရ ၊ ဆေးပညာအရ မတတ်စွမ်းနိုင်သေးတဲ့ ပြဿနာတွေကို အကျိုးဆောင်ပေးနေပေမယ့် သူတို့ရည်ရွယ်ရင်းကတော့ လူသားတို့ကို အယုံသွင်းပြီး ကမ္ဘာကို သိမ်းပိုက်ဖို့ပါပဲ ။

ဖြစ်စဉ် ။ ။

လူတွေရဲ့သူတို့အပေါ်ထားတဲ့ အထင်အမြင်ပြောင်းလဲစေဖို့  အခွင့်အရေးတစ်ခု ပေါ်လာပါတယ် ။ ဇာတ်လမ်းထဲက စိတ်ကူးယဉ် နိုင်ငံတစ်ခုမှာ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်လာလို့ ကူရာကယ်ရာမဲ့နေချိန်မှာ သူတို့က လက်ဦးမှုယူပြီး ကယ်တင်ရှင်နေရာ အရယူလိုက်တယ် ။ Anna ရဲ့ခပ်စိပ်စိပ် ခြေလှမ်းတွေကို ယုံမှားသံသယ ဖြစ်လာတဲ့ သတင်းထောက်က လူသားတွေရဲ့ ယုံကြည်ကိုးစားမှုကိုရယူဖို့  ဒီလိုဖြစ်ရပ်ဆိုးကို အခွင့်ကောင်းယူတာလား လို့မေးပါတယ် ။ တကယ်လို့ သဘာဝဘေးအန္တရာယ် ဖြစ်မလာခဲ့ရင်ရော လို့ပါ တဆက်ထဲ မေးလိုက်တယ် ။ Anna ကအပေါ်က ပြောခဲ့တဲ့ အတိုင်း ဖြေလိုက်တယ် ။ နောက်ပြီး သူတို့အတွက် အခွင့်အရေးက တစ်ခုမဟုတ်တစ်ခု (တစ်နိုင်ငံမဟုတ် တစ်နိုင်ငံမှာ ပေါ့လေ) ပေါ်လာမှာပါပဲ တဲ့ ။

ဇာတ်ကားကြည့်ပြီးရသော အတွေး ။ ။

သူတို့အတွက် မြန်မာဆိုတာ ဆူဒန်က ဒါဖာလိုမျိုး ၊ သီရိလင်္ကာလိုမျိုး ၊ အနိဋ္ဌာအာရုံတွေ ဖြစ်ရပ်ဆိုးတွေ မချမ်းမြေ့ခြင်းတွေ သွေးထွက်သံယိုတွေနဲ့ပဲ တွဲချည်ထားစရာ နိုင်ငံပဲလား ? ? …..   :/

( V ဆိုတဲ့ သိပ္ပံ ရုပ်သံဇာတ်လမ်းတွဲပါ ။ လောလောဆယ်တော့ အပိုင်း ၁၂ပိုင်းရှိတဲ့ season 1 ပြီးသွားပါပြီ ၊ နောက်ထပ် အပိုင်းတွေလည်း ဆက်လာဖို့ရှိပါသေးတယ်လို့ ဆိုပါတယ် ၊ wiki link ။  ဇာတ်လမ်းကိုတော့ သိုးယောင်ဆောင်သော ဝံပုလွေလိုမျိုး ကောက်ကျစ်စဉ်းလဲခြင်းတွေ ၊ မိဘနဲ့သားသမီးရဲ့ကြားက အားပြိုင်မှုတွေ ၊ လှည့်ဖျားကစားတာတွေနဲ့ ဖွဲ့စည်းထားပါတယ် ။ အရမ်းကို စွဲစွဲလန်းလန်း ကြည့်ရလောက်အောင်တော့လည်း ဇာတ်လမ်းက မကောင်းလှပါဘူး ။ ဒါပေမယ့်လည်း ဇာတ်လမ်းတွဲပြီးအောင်တော့ ကြည့်ဖြစ်သွားပါတယ် ။ )

3 Comments »

  1. ကောင်းရင်ကော အလွတ်ကျက်မှာလား။

    Comment by kom — July 19, 2010 @ 11:00 pm | Reply

    • မကျက်ပါဘူး ၊ ဘယ်လောက်ကောင်းတဲ့ကားပဲ ဖြစ်ဖြစ် တစ်ခါပဲ ကြည့်ပါတယ်။ နို့မို့ဆို နောက်ကားတွေ ကြည့်ဖို့ အချိန်တွေ သမျောစာ.. 😀

      Comment by khetyintyint — July 19, 2010 @ 11:20 pm | Reply

  2. တစ်ခါမေးတာ ခံရဘူးတယ်။ မြန်မာပြည်က လုံခြုံရရဲ့လား … စိတ်ချရရဲ့လားတဲ့။ ကိုယ်တွေတော့ ဟိုးအပျိုဘ၀ကတည်းက ကျူရှင်တွေဘာတွေဆိုလည်း ညဖက် တစ်ယောက်တည်း သွားလာနေတာပဲ.။ ဘာဆိုဘာမှ ပြသနာမရှိဖူးသေးဘူး။ သူတို့တွေရဲ့ စိတ်ထဲမှာ မြန်မာပြည်ဆိုတာ မြို့လည်ကောင် ပြည်တွင်းစစ်ဖြစ်နေတယ်လို့ ထင်နေကြတာ … ခက်တယ် …

    Comment by TTSweet — October 25, 2010 @ 12:22 am | Reply


RSS feed for comments on this post.

Leave a comment

Create a free website or blog at WordPress.com.